← Back Published on

ပညာသင်ဆု ($90,000) နှင့်အတူ အမေရိကန်ရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့်

မနေ့ညက The Paul & Daisy Soros Fellowships for New Americans မှ 2024 ခုနှစ်အတွက် ပညာသင်ဆု (fellowships) ရရှိသော အယောက် (၃၀) ကို လျောက်လွှာပေါင်း၂၄၀၀ နီးပါးမှ ရွေးချယ်ပြီး The New York Times Newspaper ကနေတစ်ဆင့် ကြော်ငြာလိုက်ပါတယ်။ (ဒီနှစ်ရတဲ့ ကျောင်းသား ၃၀ စာရင်း https://www.pdsoros.org/meet-the-class-of-2024).

ဒီနှစ်တော့ မြန်မာနိုင်ငံဘက်ကအနေနဲ့ ပညာသင်ဆု ရရှိတဲ့အထဲမှာ ကျနော်တစ်ယောက် ပါလာတာပါ။ ဒါက ဆယ်စုနှစ် တစ်ခုနီးပါးအတွင်းမှာ မြန်မာပြည်ဘက်လာတဲ့ ကျောင်းသားများအပါအဝင် မြန်မာမိဘမှ မွေးလာပြီး နိုင်ငံသားဖြစ်နေသူတွေထဲက ဒီဆုကို ရခဲ့လာတာလို့ ဆိုလို့ရပါတယ်။ 

အမေရိကမှာ ဒီပညာသင်ဆုဟာ ဩဇာတိက္ကမကြီးမားတဲ့ဆုတစ်ခုဖြစ်ပြီး အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေကြားမှာ ရေပန်းစားတယ်။ ဒီပညာသင်ဆုကို ရပြီသော်လည်း ကိုယ့်လျောက်ထားသည့် တက္ကသိုလ်တွေက Admission Decision ကို မသိရသေးဘူးဆိုရင် ဒီပညာသင်ဆုက အဲ့ရလဒ်အထိတောင် ပြောင်းလဲနိုင်ပါတယ်။ ဥပမာ- ပညာသင်ရရှိကြောင့် official email ကနေတစ်ဆင့် အကြောင်းကြားတဲ့အခါ fellowship ဒါရိုတ်တာက "မင်းတို့ တက်ချင်တဲ့ ကျောင်းက Decision ကို မသိရသေးဘူးဆိုရင် ငါတို့ကို ချက်ချင်းပြောပါ၊ ငါတို့ သူတို့ officially email ပို့ပေးမည်" ဆိုပြီး မေးတယ်။ ကျနော့မှာတော့ ကျောင်းက decisions တွေ အယင်သိရပါတယ်, ပြီးမှ ဒီfellowships ရလဒ်ကို သိရတာပါ။ 

ဆိုတော့ ဒီ fellowship နဲ့ ကျောင်းတက်တဲ့သူ သို့မဟုတ် ဒီ fellowship ကို ရတဲ့သူ အများစုဟာ Ivy League Plus တက္ကသိုလ်တွေ များပါတယ်၊ အထူးသဖြင့် Harvard, Yale, Stanford, Colombia, MIT, Cornell, UC Berkeley, စတဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေ များပါတယ်။ ဒီပညာသင်ဆုရဲ့ အဓိကထူးခြားချက်တွေမှာ-- မေဂျာတွေ နဲ့ ကျောင်းတွေကို ကန့်သက်မထားဘူး။ ကိုယ်တက်ချင်တဲ့ မည်သည့်ဘာသာရပ်နဲ့ မည့်သည့်ကျောင်းကို မဆို တက်လို့ရတယ်။

ဘယ်သူတွေလျောက်လို့ရလဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် အမေရိကကို ရောက်လာပြီး နိုင်ငံရေးခိုလုံခွင့်လျောက်ထားသူတွေအပါအဝင် ပြည်ပရွေ့ပြောင်းလာသော မည့်သည့်နိုင်ငံမှမဆိုမိဘနှစ်ပါးမှ အမေရိကမှာ မွေးပြီး နိုင်ငံသားဖြစ်နေတဲ့သူတွေလည်း လျောက်ထားနိုင်ပါတယ်။

လျောက်ထားတဲ့အခါ အသက် ၃၀ (သို့မဟုတ်) ၃၀ အောက်ဖြစ်ဖို့တော့ လိုပါတယ်။ အသေးစိတ်ကို ဒီမှာကြည့်လို့ရပါတယ် (https://www.pdsoros.org/apply) ၂၀၂၅ ခုနှစ်အတွက် လျောက်လို့ရပါပြီ။ အကြံပြုချင်တာတော့ deadline ကို မစောင့်ပါနဲ့ အခုကတည်းကနေ ပြင်ဆင်ပါ, deadline က October မှာ ဆိုပေမယ့်။ 

ပြင်ဆင်တဲ့အခါ အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။ ပုံမှန် နှစ်တိုင်း လျောက်တဲ့ဦးရေ ၂၀၀၀ အထက်ရှိပါတယ်။ အဲ့အထဲက ၇၇ ယောက်ကို ပထမအဆင့်အနေနဲ့ အိန်တာဗျူးအတွက် finalists ရွေးပါတယ်၊ အိန်တာဗျူးဟာမှာ ၂၅ မိနစ် နှစ်ခါ sections နှစ်ခု လုပ်ရပါတယ်။ တစ်ခုမှာ အိန်တာဗျူးလုပ်သူ အနည်းဆုံး ၆ ယောက်ခန့်ပါပါတယ်, အဲ့လူအကုန်လုံးက မေးခွန်းတစ်ခု သို့မဟုတ် နှစ်ခုစီမေးပါတယ်။ 

ဆိုတော့ အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။ 

လျောက်ကြဖို့ တိုက်တွန်းပါတယ်။ 

Good Luck

🍀