Welcome !

I am a PhD student in Political Science at Cornell University.

ရခိုင်နိုင်ငံရေးအပြောင်းအလဲကို ဘယ်လောက်ထိ မျှော်မှန်းလို့ရနိုင်သလဲ

ရခိုင်နိုင်ငံရေးအပြောင်းအလဲကို ဘယ်လောက်ထိ မျှော်မှန်းလို့ရနိုင်သလဲ

နိရဉ္စရာ၊ ဇန်နဝါရီ၊ ၁ရက်၊ ၂၀၂၅

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း အာရက္ခတပ်တော်ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ၁၅ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ရခိုင်နိုင်ငံရေ အပြောင်းအလဲဘယ်လိုဖြစ်ခဲ့သလဲ၊ အခု ၂၀၂၅ ခုနှစ်မှာကော ရခိုင်နိုင်ငံရေးအပြောင်းအလဲကို ဘယ်လောက်ထိ မျှော်မှန်းလို့ရနိုင်သလဲဆိုတာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ကော်နဲလ်တက္ကသိုလ်မှာ နိုင်ငံရေးသပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့တက်ရောက်သင်ကြားနေတဲ့ ရခိုင်လူငယ် ကိုကျော်ဆန်းလှိုင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုက္ခသည်ဘဝမှ ပညာရှင်အိပ်မက် အကောင်အထည်ဖော်နေသူ By VOA Burmese

အမေရိကန်ပြည်ထောင်စုမှာရဖို့ခက်ခဲတဲ့ ပညာသင်ဆုကိုရလိုက်တဲ့အတွက် ပညာရှင်တယောက်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်သလို ဆောင်းပါးရှင်တယောက်အနေနဲ့ နိုင်ငံတကာ သတင်းစာကြီးတွေမှာ မြန်မာ့အရေးဆောင်းပါးတွေ ဆက်ရေးသွားမယ်လို့ ဒီနှစ် Paul & Daisy Soros Fellowship ပညာသင်ဆုရခဲ့သူ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။

ငယ်ငယ်က နွမ်းပါးတဲ့ဒေသတခုမှာကြီးပြင်းခဲ့လို့ ပညာကောင်းကောင်းသင်ခွင့်မရခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်ရောက်လာတဲ့ နှစ်ပိုင်းအတွင်းမှာပဲ B.A ဘွဲ့ယူနိုင်ပြီး မကြာခင်မှာတော့ ထိပ်တန်းတက္ကသိုလ်ကြီးတခုမှာ Ph.D ဘွဲ့သင်ယူတော့မယ့် ကိုကျော်ဆန်းလှိုင်ရဲ့ ဖြတ်သန်းမှုတချို့ကို မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကမှ ဒုက္ခသည်အဖြစ် ရောက်လာခဲ့တဲ့ ရခိုင်တိုင်းရင်းသားလူငယ် ကိုကျော်ဆန်းလှိုင်ဟာ သိပ်မကြာခင် လပိုင်းအတွင်းမှာတော့ အမေရိကန်ထိပ်တန်းတက္ကသိုလ်ကြီးတခုဖြစ်တဲ့ Cornell တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ Ph.D ပညာကိုသင်ယူတော့မှာပါ။ ခုလို အခြေအနေမျိုးကို သူ လွယ်လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ https://burmese.voanews.com/.../kyaw-san.../7615384.html

ရခိုင်ကို ထိန်းချုပ်ရေး AA ရဲ့ ရက္ခိတအိပ်မက် ပြည့်မြောက်လာတော့မလား - BBC News မြန်မာ

ဒီတစ်ပတ်မှာ ပါဝင် ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရေးကို ဆယ်စုနှစ် အဆက်ဆက် အနီးကပ် စောင့်ကြည့် လေ့လာနေတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် မက်သီဆန်နဲ့၊ နိုင်ငံတကာ စာနယ်ဇင်းဆိုင်ရာ ဆုတွေ ရရှိထားပြီး ၊ လက်ရှိ အမေရိကန် ဟာဝိုင်အီ တက္ကသိုလ်၊ အာရှလေ့လာရေး ဌာနမှာ ပညာသင်ယူနေတဲ့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ကိုကျေော်ဆန်းလှိုင်တို့ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးနဲ့ တဆက်တစပ်တည်း ဖြစ်လာနေပြီလား - BBC News မြန်မာ

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာ့ ပြည်တွင်းစစ်ရဲ့ နောက်ပိုင်း ၁၀ စုနှစ်တွေ အတွင်း မကြုံစဖူး မြို့သိမ်း တိုက်ပွဲတွေထိအောင် ဆင်နွှဲလာခဲ့ပြီး သီတင်းတစ်ပတ် ဆိုတဲ့ ကာလ အပိုင်းအခြား အတွင်းမှာပဲ၊ ရှမ်းမြောက်ပိုင်းက အနည်းဆုံး မြို့ ၄ မြို့ကို သိမ်းပိုက် ထိန်းချုပ် လိုက်တဲ့ အပြင်၊ စစ်ကောင်စီ တပ်စခန်း ဒါဇင်ပေါင်း များစွာကိုလည်း သိမ်းပိုက် လိုက်ပါတယ်။

ဒီ တစ်ပတ် အစီအစဥ်မှာတော့ ... မြောက်ပိုင်း အဖွဲ့တွေရဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေက ဘာဖြစ်မလဲ ဆိုတဲ့ အပေါ် သုံးသပ်ရင်းမှာပဲ၊ မြောက်ပိုင်း အဖွဲ့တွေ ဖော်ဆောင်လာတဲ့ ထိုးစစ်ဟာ ပိုကျယ်ပြန့်ပြီး နိုင်ငံအနှံ့ လွှမ်းခြုံတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင် တွန်းလှန်မှုနဲ့ တဆက်တစပ်တည်း ဖြစ်လာမလားဆိုတာကို အသေးစိတ် ဆန်းစစ် သွားမှာ ဖြစ်ပါတယ်။