
ဒုက္ခသည်ဘဝမှ ပညာရှင်အိပ်မက် အကောင်အထည်ဖော်နေသူ By VOA Burmese
ငယ်ငယ်က နွမ်းပါးတဲ့ဒေသတခုမှာကြီးပြင်းခဲ့လို့ ပညာကောင်းကောင်းသင်ခွင့်မရခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်ရောက်လာတဲ့ နှစ်ပိုင်းအတွင်းမှာပဲ B.A ဘွဲ့ယူနိုင်ပြီး မကြာခင်မှာတော့ ထိပ်တန်းတက္ကသိုလ်ကြီးတခုမှာ Ph.D ဘွဲ့သင်ယူတော့မယ့် ကိုကျော်ဆန်းလှိုင်ရဲ့ ဖြတ်သန်းမှုတချို့ကို မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကမှ ဒုက္ခသည်အဖြစ် ရောက်လာခဲ့တဲ့ ရခိုင်တိုင်းရင်းသားလူငယ် ကိုကျော်ဆန်းလှိုင်ဟာ သိပ်မကြာခင် လပိုင်းအတွင်းမှာတော့ အမေရိကန်ထိပ်တန်းတက္ကသိုလ်ကြီးတခုဖြစ်တဲ့ Cornell တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ Ph.D ပညာကိုသင်ယူတော့မှာပါ။ ခုလို အခြေအနေမျိုးကို သူ လွယ်လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ https://burmese.voanews.com/.../kyaw-san.../7615384.html